အောင်ဒင် - ရုပ်ရှင်ရုံ အောက်တိုဘာ ၁၁၊ ၂၀၁၄ (၁) လူ့ဘဝဆိုတာ အင်မတန်ကြီးမားကျယ်ပြန့်တဲ့ ရုပ်ရှင်ရုံကြီးတစ်ခု…။ အဲဒီရုံကြီးထဲမှာ ဇာတ်လမ်းပေါင်းများစွာ၊ ဇာတ်ကောင်ပေါင်းများစွာ မရပ်မနား၊ လှုပ်ရှားတင်ဆက် အိပ်မက်နဲ့ ရက်လုပ်တဲ့ နေ့တွေ၊ညတွေ မျှော်လင့်ချက်နဲ့ ဖွဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေ စိတ်ကူးယဉ်သလိုထင်ရတဲ့ တကယ့်အဖြစ်အပျက်တွေ တစ်ချိန်ထဲ၊ တစ်ပြိုင်ထဲ၊ တစ်နေရာထဲမှာ ရင်ဖွင့်ပြသနေ…။ ကျနော်တို့အားလုံးဟာ အဲဒီရုပ်ရှင်ရုံကြီးထဲမှာ သဘာဝအကျဆုံး ဇာတ်ကောင်တွေပေါ့ အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်စေ ကျရာဘဝမှာ သရုပ်ဆောင်နေကြရ ပြီးတော့ တာဝန်အကျေဆုံး ပရိသတ်တွေလည်း ဖြစ်ပြန်ပေါ့ ကြည့်ချင်သည်ဖြစ်စေ၊ မကြည့်ချင်သည်ဖြစ်စေ ပိတ်ကားရှေ့မှာ မလှုပ်မယှက်ထိုင်နေကြရ…။ (၂) လောကကြီးက မတရားဘူးလို့ အလွယ်တကူမပြောလိုက်နဲ့ဦး လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ ဇာတ်လိုက်ဖြစ်ဖူးကြမယ်…။ […]
Read more of this post
No comments:
Post a Comment