ပုတက်စီစဉ်တဲ့ ရွှေတိဂုံက အဇာတသတ်ဇာတ် ကာတွန်းပြပွဲ ဟန်သစ်နိုင်၊ အောက်တိုဘာ ၇၊ ၂၀၁၄ Putet World Mobile Application မှ စီစဉ်ကျင်းပသော သာမညဖလအခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) အထိမ်းအမှတ် အဇာတသတ်ဇာတ် ကာတွန်းရုပ်ပြပြပွဲကို ရွှေတိဂုံစေတီတော် အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်းတွင် အောက်တိုဘာလ(၇)ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့အထိမ်းအမှတ် အဇာတသတ်ဇာတ်နှင့် တန်ဆောင်မုန်းလအကြောင်း သိမှတ်ဖွယ်ရာများကို ကားချပ်စုစုပေါင်း (၆၇)ချပ်ဖြင့် ပြသသွားမည်ဖြစ်သည်။ အဇာတသတ်ဇာတ်ကို အရှင်သုဘောဂ မှ စုစည်းရေးသားပြီး ပန်းချီမြင့်အိုတူး \ ဒီရဲဂျာမှ ပန်းချီလက်ရာဖြင့် သံဝေဂရဖွယ် ရေးဆွဲပူဇော်ထားခြင်းဖြစ်ပါသည်။ ပြသထားမည့် အဇာတသတ်ဇာတ်ကို ဖုန်းထဲတွင် Putet World Mobile Application […]
Read more of this post
No comments:
Post a Comment