ဖိုးစီ (ရုံးတော) - ဘောင်ဘင်ခတ်သူ (မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၄   (၁) သူ့ နာမည် အရင်းကို ကျနော် ကောင်းကောင်း မမှတ်မိတော့ပါ။ မြေလတ်မြို့လေးတမြို့နားမှာ မြင်းလှည်းမောင်းနေရင်းက မလေးရှား အလုပ်ပွဲစားတယောက်နဲ့ချိတ်ဆက်မိ၍ ထွက်လာခဲ့သည်လို့တော့ ပြောပြဖူးသည်။  ကျနော်ကလည်း မလေးရှားမှာ ကိုယ့်မြန်မာအချင်း ချင်း၊ ကိုယ့်ဒေသသားအချင်းချင်းဆိုတော့ သူ့ကို ခင်မင်မိလေသည်။ ထိုစဉ်က မလေးရှား ဂျိုဟိုး (Joho) ပြည်နယ်တနေရာက စက်မှုဇုံတခုအတွင်းမှာ ကျနော်တို့နေထိုင်သည်။  သူနှင့်ကျနော်တို့က Block တခု ခြားနေသော်လည်း ညပိုင်းတွင် တီဗွီနှင့် မြန်မာ ဗွီစီဒီဇာတ်ကားများ ကြည့်ရှုရန် ကျနော့်အခန်းသို့ လာလည်လေ့ရှိသည်။ တည..၊ သူ ကျနော့် အခန်းတွင်းသို့ဝင်လာကာ ကုတင်ဘေးမှစာအုပ်များကို ဝေ့ကြည့်ရင်း စာအုပ်တအုပ် ဇတ်ကနဲကောက်ကိုင်၍ […]

Read more of this post