စပယ် - ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း နှစ်) (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄ မီးရထားကား မညည်းမတွား ခုတ်မောင်းလျှက်...... တင်မိုး (ဦး) သူငယ်ချင်းတဦး၏ ဖေ့ဘွတ်ပေါ်မှာတင်ထားတဲ့ ကဗျာလေးကိုဖတ်လိုက်ရတော့ သဘောကျမိသည်။ မညည်းတွားတတ်တဲ့ မီးရထားကြီးကို ညည်းတွားမှုများစွာနဲ့ စီးနင်းနေခဲ့ကြသူတွေထဲ ကျမကလဲ တယောက်အပါအ၀င်ဖြစ်နေလို့ပါ။ (တကယ်တော့ ဆရာဦးတင်မိုးက သူ၏မိသားစုအသိုက်အမြုံလေးကို ရည်ရွယ်စပ်ဆိုခဲ့သော လွမ်းစရာကဗျာလေး ဖြစ်သည်။) ထိုနေ့ညနေကတော့ မီးရထားကြီးတွေ ရပ်ဆိုင်းကုန်ကြသည်။ ပန်းလှိုင်ဘူတာရောက်ချိန်မှာ မီးရထားတစင်းရပ်နေသေးတာမို့ အပြေး တပိုင်း အသော့နှင်လိုက်သည်။ ဟိုနောက်ဖက်ကိုလှမ်းကြည့်လိုက်တော့ နောက်တစင်းရဲ့ ခေါင်းတွဲပြာကြီးကိုမြင်နေရပြန်သည်။ ဒီတော့ ရှေ့တစင်းသွားချင်လဲသွား ဖြည်းဖြည်းပဲ လျှောက်တော့ သည်။ ဟော ရပ်ထားတဲ့ ရထားရဲ့ ရှေ့ခပ်လှမ်းလှမ်းမှာလည်း နောက်တစင်းပါလား ။ […]
Read more of this post
No comments:
Post a Comment