ဦးနန္ဒဝံသ (မြောက်ကာရိုလိုင်းနား) - အပြီးမသတ်နိုင်သေးသော ငါ့ရုပ်ထုလေးများ (မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၄ နားမှာက နားကွင်း လယ်ပင်းပေါ်က ဆေးမှင်ကြောင် လက်ဝါးကပ်ရောင်ရောင် ရွှေဆွဲကြိုးနဲ့ ဗမာစကား ဗရုတ်ကင်းအပြောများတဲ့ ဘားမား အမေရိကန် ကလေးတွေကို... တို့ဗုဒ္ဓမျိုး မပျောက်စေဖို့ ယောဂီဝတ်စုံလေး သူတို့ကိုယ်ပေါ် ထပ်ပိုး ဟစ်ပေါ့ရှိုးသမားတွေ လမ်းလျှောက်သလို သူတို့ကြိုက်သလို ဆီမီးတိုင်ကိုင်လျှောက် ကိုးနှစ်မြောက် သီတင်းကျွတ် လွတ်ခဲ့ပြီ ဒီတစ်နှစ်။ ငါထုဆစ်နေတဲ့ ရုပ်ထုဆစ်များ ရည်ရွယ်ထားတဲ့ပုံက မထွက်သေး။ ကလေးများတို့ရေ ဗုဒ္ဓရဲ့သား ငါလို ရဟန်းတအိုတပါးကို တမင်သက်သက် ရွဲ့ နေသလားကွယ်ရို့ ။

Read more of this post