မင်းကောင်းချစ် - အ၀ိဉာဏက လုပ်သား (မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၄ ဥပဓိရုပ်ကဆိုးဆိုး မီးခိုးတွေ မှုတ်လိုမှုတ် ဗလခပ်တုပ်တုပ်နဲ့ ဂီလာန ဇီဇာကကြောင်…ပေတူးတူးအကောင်။ ပထ၀ီမှတပါး ဓါတ်ကြီးသုံးပါး သူအကုန်ဝါးတယ်။ ဟိုနေ့ကဘဲ သူ့ရင်ကိုခွဲ သူ့ နှလုံးကိုဆွဲဖြုတ် သန့်ရှင်းရေးလုပ်ပေးခဲ့ရသေး။ ၁၉ ရာစုမှာမွေးဖွား ဒီကောင်မြို့ကြီးသား ဂါရ၀တရားတော့မရှိဘူး။ ၂၀ ရာစုမှာ ကြီးပျင်း တိုးတက်ခြင်းနဲ့ အကြောင်းပါ အဘိဓမ္မာကဟောင်းလောင်း အမွေးမြူကောင်းရင်တော့ ခိုင်းနွားကောင်းပေါ့။ စပါတာကပ်ရဲ့ ကိတ္တိမသား တော်လှန်ရေးသမားတော့မဟုတ် တကုပ်ကုပ်နဲ့ အလုပ်လုပ်ပုံကချစ်စရာ သူ့ကိုသာ သစ္စာပေး ဆီကုန်ပေမဲ့…မြေမလေးဘူး။      ။ မင်းကောင်းချစ် အောက်တိုဘာလ (၄) ရက် ၂၀၁၄ ခုနှစ်

Read more of this post