တူမောင်ညို - သူတို့၏ တူညီသောလက္ခဏာနှစ်ခု (မိုးမခ) အောက်တိုဘာလ ၉၊ ၂၀၁၄ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ ထောက်လှမ်းရေးတို့နဲ့ပတ်သက်လာရင် "အစာမကြေဘူး၊ ကမ္ဘာမကြေဘူး"ဆိုတဲ့ ဦးဝင်းတင် သဘောထား အတိုင်း သဘောထားကြရမည်။ ဘာကြောင့်လဲ။ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၊ စစ်ထောက်လှမ်းရေးတို့သည် ယနေ့အခါ ဆက်လက်တည်ရှိနေသောကြောင့်ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် "၂၀၀၈ အခြေခံဥပဒေ"ဟူသော ဝတ်ရုံကို ခြုံ၍လည်းကောင်း၊ စစ်အုပ်စုသည် "တပ်မတော်" ကို  ဂုတ်ခွစီးလျက် ကန့်လန်ကာနောက်ကွယ်မှနေ၍လည်းကောင်း၊ စစ်ထောက်လှမ်းရေးသည် "စရဖ"၊"(SB)" အဖြစ်လည်းကောင်း အသွင် ပြောင်း၍တည်ရှိ နေကြသည်မဟုတ်ပါလား။ လူထုလှုပ်ရှားမှုများကို ပိုပြီးလက်ရဲဇက်ရဲ အကြမ်းဖက်နှိမ်နင်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ကို(EU) ကပင် လေ့ကျင့် သင်တန်းတွေလာရောက် ပေးနေပြီမဟုတ်ပါလား။ ယခုအခါ ထိုရဲများသည် (EU) ကပေးသော အကြမ်းဖက်နှိမ်နင်းရေးပညာသစ်များဖြင့် လက်ပံတောင်းဒေသတွင် ဒေသခံ ပြည်သူများအား […]

Read more of this post