မောင်ဥက္ကလာ - စာသမား၊ စိန်သမားနဲ့ အရွေးမှား အလျှောက်ကောင်းသူများ (ထွေထွေရာရာ ဤကမ္ဘာ) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၄ ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာချစ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။ ● စာမလာ အကြောင်းမကြား စာမလာ သတင်းမကြားလို့ စိတ်ပူနေလား။ စောင့်မျှော်နေရလို့ သစ်ကုလားအုပ် ဖြစ်နေပြီလား။ ချစ်သူ စာမရေးဘူးလို့ အထင်မှားအမြင်မှားပြီး စိတ်ကောက်နေလား။ ဘာမှ စိတ်ပူပန် အထင်အမြင်မှား ဖြစ်မနေကြနဲ့ နယူးရော့ခ်မြို့ မှာ နှစ်ပေါင်းများစွာ စာပို့လုလင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် (၆၇) နှစ်အရွယ် စာပို့သမားကြီး ဂျိုဆက်ဖ် […]

Read more of this post