ဇင်လင်း - အစိုးရရဲ့တရားစီရင်ရေး - နိုင်ငံသားကို ကာကွယ်ဖို့လား၊ ဖိနှိပ်ဖို့လား?   အောက်တိုဘာ ၆၊ ၂၀၁၄ photo ; http://www.globalpost.com ကုန်လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းတွေကို ကြားသိရတာ စိတ်မချမ်းမြေ့စရာ၊ စိတ်ပျက်စရာ သတင်းတွေချည်းပါပဲ။ အစိုးရရဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)" နဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကိုယ်စားပြု "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)" တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တတိယမူကြမ်းကို စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ဆွေးနွေးပွဲလုပ်ငန်းစဉ် ဆက်ခဲ့ကြပေမယ့်၊ ထူးခြားတဲ့တိုးတက်မှု တစုံတရာ ရရှိခဲ့ခြင်းမရှိတာ သတင်းမီဒီယာတွေကတဆင့် သိရပါတယ်။ ၅ ရက်ကြာဆွေးနွေးပြီးတဲ့နောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(စတုတ္ထမူကြမ်း) အတည်ပြုနိုင်ခဲ့တယ်လို့ဆိုတယ်။ […]

Read more of this post