အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁) (မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄ (၁) "ဘဝမှာ အမြဲတမ်း လုပ်ချင်တဲ့အရာဘာလဲ"ဟု မေးလာလျှင် စာဖတ်ခြင်းနှင့်ခရီးသွားခြင်းဟု ဖြေပါမည်။ အသက် ၁၅ နှစ်အရွယ် တောင်ငူမှာ နေစဉ်ကတည်းက ဘုမသိ ဘမသိဖြင့် ရန်ကုန်ကို ယောင်ချာချာခရီးထွက်ဖူးသည်။ သင်္ဃန်းကျွန်းဘက်တွင် ပြေးဆွဲသော ဘတ်စကားခ ငါးမူးခေတ်ဖြစ်သည်။ တာမွေ ဝေဠုမာရကျောင်းမှ လင်းစဒေါင်းသို့ ဘတ်စကားခ ငါးမူးသာ ပေးရသည်ကို မှတ်မိသည်။ ဘတ်စ်ကားခများ တက်သွားသည်နှင့်လမ်းများ အနည်းငယ်ပိုကောင်းလာသည်ကလွဲ၍ အပြောင်းအလဲ မရှိ။ ငယ်ငယ်ကတည်းက ခရီးသွား ဇ ရှိခြင်းကို နိဒါန်းချီလိုရင်း ဖြစ်သည်။ နွေရာသီစာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သည်နှင့် အမေဆီသို့ တန်းတန်းမတ်မတ် ဘယ်တော့မှ မပြန်။ […]

Read more of this post