Photo - Aung Htet မိုးစဲနေ - ငါ့ရဲ့ ဘယ်ဘက်ရင်အုံပေါ်က စွဲလမ်းရတဲ့ ဆေးမှင်ကြောင် (မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄ တခါတုန်းက လူငယ်လေးတယောက်ဟာ သူ ချစ်ရတဲ့ ကောင်မလေးတယောက်ရဲ့ နာမည်ကို သူ့ဘယ်ဘက်ရင်အုံမှာ ဆေးမှင်ကြောင်နဲ့ မြတ်မြတ်နိုးနိုး ထိုးခဲ့တယ် သူ့ ရင်အုံကြီးကို ခဏခဏ လှစ်လှစ်ပြရတာလဲ အမော။ ဒါပေမဲ့ သူစွဲလမ်းပြီး ချစ်ရတဲ့ သူ့ကောင်မလေးဟာ သူ့အချစ်ကိုလက်မခံပဲ အခြားဂုဏ်သရေရှိ အမျိုးကောင်းသားတယောက်ရဲ့ အချစ်ကို လက်ခံလိုက်တဲ့အခါ ... အဲ့ဒီ လူငယ်လေးဟာ အသည်းကွဲသွားပါတယ်။ အဲ့ဒီ အသည်းကွဲည ရွာဘုရားပွဲ ညဈေးမှာပဲ အဲ့ဒီလူငယ်လေးဟာ အများသူငါ အသည်းကွဲသလို အသည်းကွဲပြီး အများသူငါ အရက်မူးသလို အရက်မူးပြီး သူ့ညာဘက်လက်ဖျံမှာ " […]

Read more of this post