ဟန်သစ်နိုင် - ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ် (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၄ အောက်တိုဘာ ၉ရက်တွင်  BYSI  မိန်းမဝတ်အင်္ကျီကုမ္မဏီနှင့် ရွှေရောင်နှင်းဆီ ရင်သားကင်ဆာ ဖောင်ဒေးရှင်းတို့  ပူးပေါင်းပြီး ရန်ကုန်မြို့ Junction Square တွင် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများနှင့် အမျိုးသမီးဖက်ရှင်ဝတ်များကို တွဲဖက်ကျင်းပပြုလုပ်ခဲ့သည်။  မော်ဒယ်လ်များမှ ဖက်ရှင်ဝတ်စုံများကို ဝတ်စားဆင်ယင်ပြီးပြသခဲ့သည်။ ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီးရင်သားကင်ဆာ သတိပြုမိရေး အထိမ်းအမှတ်နေ့ ကို အောက်တိုဘာလတွင် ပြုလုပ်လေ့ရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ရင်သားကင်ဆာနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများပြုလုပ်ကြောင်း၊ အမျိုးသမီးရင်သားကင်ဆာသည် ကမ္ဘာတဝှမ်းလုံးတွင် အဖြစ်များနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ စောစောစီးစီးသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် လှုံ့ဆော်အသိပေးကြောင်း၊ အမျိုးသမီးများ အဝလွန်လျှင် ရင်သားကင်ဆာဖြစ်တတ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို တနေ့ နာရီဝက်လုပ်ဆောင်ပေးခြင်းဖြင့် […]

Read more of this post