ဂါမဏိ ဘာသာပြန် - ဖီဆန်ရေးလက်စွဲ (ဟောင်ကောင်) (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၄ (၁) အတွေးအခေါ် ၁။ အာဏာဖီဆန်ရေး ဆိုတာ ဥပဒေတရပ်၊ အမိန့်ကြော်ငြာစာတခု သို့မဟုတ် ညွှန်ကြားချက်တခုကို လိုက်နာဖို့ ငြင်း ဆန်ခြင်းအားဖြင့် မတရားမှုကိုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ဆိုလိုတာဖြစ်တယ်။ ပါဝင်လုပ်ဆောင်သူတွေဟာ အကြမ်း ဖက်မှုကို မကျင့်သုံးရပါ။ အဲ့ဒီအစား သူတို့ဟာ ဖြစ်လာမယ့်ဥပဒေဆိုင်ရာအကျိုးဆက်တွေကို စိတ်ပါလက်ပါခံယူရမှာ ဖြစ်တယ်။ လုပ်ရပ်တွေဟာ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရမယ့်အပြင် မတရားတဲ့အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်ရေးကို ငြင်းဆန်ရာမှာ ဖီဆန်တဲ့သဘောထားကိုလည်း ပြရမှာဖြစ်တယ်။ ဆက်တိုက်ကန့်ကွက်ဆန္ဒပြမှုကနေ လူ့ အဖွဲ့အစည်းထဲမှာ အပြောင်းအလဲတွေဖြစ်ဖို့ ကြိုးပမ်းရမှာဖြစ်တယ်။ စစ်မှန်တဲ့ရွှေပြည်အေးဝါဒဟာ ဆိုးယုတ်မှုတွေကို မတွန်းလှန်ဘဲနေတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ဆိုးယုတ်မှုတွေကို အကြမ်းမဖက်နည်းလမ်းတွေနဲ့ တေ့တေ့ဆိုင်ဆိုင်တိုက်ပွဲ ဝင်ဖို့ […]
Read more of this post
No comments:
Post a Comment