လင်းနွေးအိမ် - "ဒေါ်ခင်ဝင်းများ" (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ လက်ပံတောင်း ... အသက်ပေါင်း ဘယ်လောက်ပေးရမလဲ ငရို့ မှာ ဒေါ်ခင်ဝင်းတွေ အများကြီးရှိတယ်။ စလယ်ဝင်တခွက်တောင် အချောင်နှိုက်မခံတာ ဒါ - ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။ ပျူ- သရေခေတ္တရာ မှသည် ပုဂံခေတ်ကို တည်ခဲ့တာ ဒါ - ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။ ချင်းတွင်း၊ ဧရာနဲ့  ဒုတ္တာဝတီမှာ စီးဆင်းနေတာ ရေမဟုတ်ဘူး ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။ သံလွင်၊ စစ်တောင်း ပေါင်းလောင်းမြစ်မှာ စီးဆင်းနေတာ ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။ ကဲ - လက်ပံတောင်း ... အသက်ပေါင်း ဘယ်လောက်ပေးရမလဲ ဒေါ်ခင်ဝင်းများ စီးဆင်းနေတယ်ဟေ့။ (သရုပ်ဖော် အောင်ထက်)

Read more of this post