မင်းကိုနိုင် - အလှူပွဲရက် သစ်ပင်တက်ခြင်း (သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၃၀၊ ၂၀၁၄  အလှူရက်မှာ ဟိုဘက်ကမ်းက ဂန်းမသားတွေ အလေဏတော အယုတ္တအနတ္တ ထုတ်လွှင့်နေတာ ခုခံမယ် အမှားပြဲ့ပြဲ့ တရားမဲ့တွေကို ရင်ဆိုင်ဖို့ . လာဟဲ့ လူလေး တာဝန်ပေးလိုက် ခါးတောင်းကျိုက်စမ်း ဟိုဘက်ကမ်းက လူအန္ဓတွေ ဖိမ့်တုန်စေသော်ဝ် လော်စပီကာနဲ့ နှက်လိုက်မယ် အော်မည်ကာကွဲ့ ပက်လိုက်မယ် . သစ်ပင်ခြေရင်း မြေတလင်းဝယ် ဆွေသင်းသောသော လူလေးကျောမှာ လော်စပီကာနဲ့ "နေပါဦးဟ ပေးလိုက်ကြစမ်း ရှမ်းလွယ်အိတ်ကြီး လမ်းခရီးမှာ သုံးဖို့"တဲ့ . ခါးတောင်းမြှောင်လျက် လူလေးတက်စဉ် ပင်မြင့်အရောက် အောက်က အော်ပြီ "လွယ်အိတ်ထဲမှာ ကြော်ငြာပါသကွ ခဏထုတ်ပြီး ကော်သုတ်ကပ်လိုက်စမ်းပါဟ"တဲ့ . ပင်စည်တွယ်ဖက် လူလေးခက်ပြီ လက်ကမအား […]

Read more of this post