အရှင်သြသဓ (ဟပ်မွန်းဗေး) - နွေက သံယောဇဉ် ဟေမာန်တွင်လည်း ဆုံစမြဲ (မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၄ စာရေးသူတို့ ဓမ္မာနန္ဒကျောင်းတွင် လူငယ်လေးများ ဆောင်းရာသီ ၃-ရက်တရားစခန်း လုပ်လာခဲ့သည်မှာ ယခု ဆိုလျှင် ၅-ကြိမ်မြောက် ရှိသွားပေပြီ။ ယခုနှစ်တွင် ဒီဇင်ဘာ ၂၀-ရက်မှ ၂၃-ရက်နေ့အထိ ပြုလုပ်ခဲ့ကြ၏။ နွေရာသီ် ဗုဒ္ဓဘာသာသင်တန်းတွင် ကလေးများကို စာကိုသာ အဓိကထားပြီး သင်ပေး၏။ အရွယ်ငယ်သေးသော ကလေးများပါနေ၍ တရားကြာကြာ မထိုင်နိုင်ကြသေး။ ထို့ကြောင့် တရားထိုင်ချိန်ကား အတန်းမစမီ ၅-မိနစ်၊ ညမအိပ်ခင် မိနစ် ၃၀-မျှသာ ထိုင်ကြရ၏။ ထိုကလေးများ နွေရာသီသင်တန်းမှ အတန်းများ ဆုံးသွားသောအခါ သူတို့အတွက် နောက်ထပ်တက်စရာ အတန်းမရှိတော့ပေ။ သူတို့က တရားထိုင်သည့် သင်တန်းလေးတစ်ခု စီစဉ်ပေးပါရန် […]

Read more of this post