ဆောင်းယွန်းလ  "ဒီကဗျာကို အချိန်နဲ့ရေးခဲ့တယ်" (မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄ ဆက်သွယ်မှုဧရိယာတွေရဲ့ ပြင်ပမှာ တယောက်တည်း ဆက်လိုက် ပြတ်လိုက်နဲ့ တကိုယ်တည်း ငြီးတွားလိုက် ရေရွတ်လိုက်နဲ့ တည့်တည့်တိုးမိတဲ့ အလုပ်နဲ့မိုးတွေကတော့ မှတ်မှတ်ရရ ရပ်တယ်လို့ကိုမရှိခဲ့ဘူး..... ၀တ်ထားတဲ့ဘောင်းဘီက ပါးပါးလာတယ် လုပ်လက်စအလုပ်တွေက ပါးလာတယ်လို့ကိုမရှိခဲ့ဘူး စစ်ပွဲကြီးတွေ တပွဲပြီးတပွဲပြီးသွားခဲ့ပေမယ့် စစ်မီးတွေ တမီးမှမငြိမ်းခဲ့သလိုမျိုးပေါ့... မငြိမ်းနိုင်တဲ့မီးကိုပဲ ထပ်ထပ်ပြီး ရဲရဲတောက်အောင်လောင်နေခဲ့ရတော့ အရိုးနဲ့အသားဟာ တသားတည်းကျခဲ့ရသလို ကိုယ့်အချိန်နဲ့ကိုယ် ကိုယ့်ရေတိမ်မှာ ကိုယ်နစ်နေခဲ့ရပေါ့.... တိမ်တွေပေါ်မှာ အိမ်ဖွဲ့ခဲ့ချင်သူဆိုတော့ တိမ်တွေပေါ်မှာ တိမ်တွေညိုတိုင်း အိမ်ပြိုခဲ့ရ တိမ်တွေပေါ်မှာ တိမ်တွေမှောက်တိုင်း အိမ်ပျောက်ခဲ့ရ တိမ်တွေပေါ်မှာ တိမ်တွေမဲတိုင်း အိမ်နဲ့လွဲခဲ့ရ တိမ်တွေပေါ်မှာ တိမ်တွေလျှပ်ပြေးတိုင်း အိမ်နဲ့ဝေးခဲ့ရပေါ့... တနှစ်မှာ ၃၆၆ရက်၊ တလမှာ ၃၂ရက် တလမှာ ရက်သတ္တ၅ပါတ်၊ […]

Read more of this post