ဝင်းအောင်ကြီး - ပဒေသာပင် စိုက်ပေးလိုက်သည့် ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ ၁၉၄၇ ခု၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ထိုးလိုက်သည့် အောင်ဆန်း- အက်တလီစာချုပ်အရ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ ရှိနေဆဲမှာပင် တိုင်းပြုပြည်ပြုလွှတ်တော် ပေါ်ခဲ့၏။ လွတ်လပ်ရေးရချိန် ကျင့်သုံးရမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သေဆိုသေ ရှင်ဆိုရှင် ဆိုရလောက်အောင် လူထုထောက်ခံမှု ရရှိနေသော်လည်း ရွေးကောက်ပွဲလုပ်ကာ စနစ်တကျ ရေးဆွဲပုံကိုကြည့်ပါ။ နောင်အခါ တရားသူကြီးချုပ်ဖြစ်လာမည့် ဦးချန်ထွန်းအား အိန္ဒိယ၊ ယူဂိုစလားဗီးယား၊ အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ကာ လေ့လာစေသည်။ အမတ် ၂၅၅ ဦးကို ကြည့်လျှင် တပြည်လုံးကိုကိုယ်စားပြုကြောင်း မြင်နိုင်၏။ ဖဆပလ အပြင်သို့ […]

Read more of this post