ကိုသစ်(သီတဂူ)  - အရေးပေါ် ဆရာဝန် (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄ ဆရာဝန်တစ်ယောက်သည် အရေးပေါ်တယ်လီဖုံးတစ်လုံးကို လက်ခံစကားပြောပြီးနောက် အခုချက်ချင်း ခွဲစိပ်ခန်းဝင်ရမည်ဟု သိရသောကြောင့် ဆေးရုံသို့ အပြေးအလွှားရောက်ရှိ လာလေ သည်။ ဆေးရုံရောက်ရောက် ချင်း ခွဲစိပ်ခန်းသုံးအ၀တ်အစားများကို ၀တ်ရုံပြီးနောက် ခွဲစိပ်ခန်းသို့ ကသုတ်ကရက် ပြေးဝင်သွားလေသည်။ လူနာ၏ ဖခင်ဖြစ်သူ သည် သူ့သားငယ်ကို ခွဲစိပ်ပေးမည့် ဆရာဝန်ကိုစောင့်ရင်း အခန်းဝတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ ဆရာဝန်ကို မြင်သောအခါ "ဒီလောက်နောက်ကျရလားဗျ။ ကျနော့်သားဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဆိုတာ ခင်များ နားမလည်ဘူးလား။ ခင်များတို့ ဆရာဝန်တွေမှာ တာဝန်ယူ လိုစိတ်ကော ရှိမှရှိသေးရဲ့လား"ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ဆီးငေါက်ပါတော့သည်။ ဆရာဝန်က ပြုံးရွှင်စွာဖြင့် "အခုလို နောက်ကျသွားတာကို ကျနော် […]

Read more of this post