ရန်နောင်(ဗိုလ်တထောင်) ငှက်ခါးလေး တွေ စာလွှာပါးတော့ (မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄ ရေဒီယို အဆိုတော် မျိုးမြင့်လေး၏ သီချင်းတပုဒ်တပိုင်းတစ်စ ကို ကျနော်ညည်းနေမိသည်။ သီချင်းအစအဆုံးတော့ ကျနော် မရပေ။ သို့သော် လည်း သီချင်းအဓိပ္ပ္ပါယ် မှာ သူ့ချစ်သူဆီ စာသဝဏ်လွှာ လက်ဆောင်များ ပါးသောအခါ ထိုခေတ်ကသုံးသော တံဆိပ်ခေါင်းဖြစ်သည့် ငှက်ခါးပုံ လေးများကပ်ကာ ပို့ရပါသည်။ ထို့ကြောင့် သူ၏ ချစ်သူထံ ပို့သော စာများ မရောက်မှာကို စိုးရိမ်နေရှာသော ချစ်သူတစ်ယောက်၏ ပူပန်မှု ဖြစ်သည်။ သူ့ကဲ့သို့ ပူလောင်မှု မျိုးကို ကျနော် ခံစားနေရ၍ ဒီစာကို ရေးဖြစ်ခြင်းဖြစ်သည်။ သူတို့ ခေတ် သူတို့အခါက တံဆိပ်ခေါင်းတလုံးတန်ဖိုးမှာ ယနေ့ခေတ်လူငယ်များ မကြားဖူးသည့် ဆယ်ပြားတန်၊ ဆယ့်ငါးပြားတန်၊တမတ်တန်တံ့ဆိပ်ခေါင်းများဖြစ်သည် […]
Read more of this post
No comments:
Post a Comment