အုန်းနိုင် - ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း (၂) (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ● ရှဥ့်လည်းလျှောက်သာ… ပျားလည်းစွဲသာ အဖွဲ့ချုပ်ရုံးကိုရောက်တဲ့အခါ ပဲခူးတိုင်းတာဝန်ခံ ဦးမြလေးနဲ့တွေ့ ပါတယ်..။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးမှာ သူနဲ့ကျနော် ဖွဲ့စည်းပုံနဲ့ဆိုင်တဲ့အကြောင်းတခုပေါ်ကိုမူတည်ပြီး ငြင်းခုန်ဆွေးနွေးရပါတယ်။ ဒါကို ကျနော်ကတော့ ဒီမိုကရေစီကျင့်စဉ်အရ လုပ်တာသာဖြစ်တယ်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေထဲမှာ ဒီလိုမျိုး သဘောကွဲလွဲခွင့်ရှိတယ် လို့ ယုံကြည်ပါတယ်။ ကျနော်တို့ အထက်တန်းကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀က ဒါမျိုးတွေလုပ်ခဲ့ဖူးပါတယ်။ ယဉ်ပါး နေပါတယ်။ ဒါပေမဲ့ သူက သူ့လိုတိုင်းတာဝန်ခံတယောက်ကို ပြန်လှန်ဆွေးနွေးတာကို စိတ်မရှည်ပဲ ဒေါနဲ့ မောနဲ့ ပြန်ဆွေးနွေးပါတယ်။ ဆွေးနွေးချိန်မှာ ဒေါတွေ မောတွေ ထတာ အထူးအဆန်းမဟုတ်ဘူးလို့ […]
Read more of this post
No comments:
Post a Comment