သာထက်အောင် - လေးစားသင့်သော ဟောပြောပွဲယဉ်ကျေးမှု (မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄ တလောက NLD ပြန်ကြားရေးတာဝန်ခံ စာရေးဆရာဆိုသူတယောက်ရဲ့ ဟောပြောပွဲဂယက်က အွန်လိုင်းမှာ တော်တော်လေး ပူညံပူညံအသံ ကြားရပါတယ်။ စာပေဟောပြောပွဲတွေ ဘယ်အချိန်ကစလို့ ဘယ်သူက အစပျိုး ဦးဆောင်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် ကာလအားဖြင့် အတော်ကြာပြီလို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ရဟန်း သံဃာတော်တွေရဲ့ တရားပွဲတွေ၊ တချိန်က ကျေးလက်တွေမှာ ထွန်းကားခဲ့တဲ့ စာဟောကွက်စိပ်ပွဲတွေ ဒါတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မြန်မာလူထုအဖို့ စာရေးဆရာတွေရဲ့ ဟောပြောပွဲတွေ နားထောင်ဖို့ သိပ်ခဲယဉ်းတဲ့ အလုပ်မဟုတ်ပါဘူး။ ဒီလိုရေခံမြေခံမှာ နှစ်ပေါင်း ၅၀ ကျော် စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရပြီး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ဘ၀နဲ့ လေသံတောင် မသလပ်ရဲတဲ့အချိန်မှာ စာရေးဆရာတွေက စင်ပေါ်ကနေ […]
Read more of this post
No comments:
Post a Comment