ခင်မောင်စော (ဘာလင်) -   မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့်  မွေးစားဝေါဟာရများ (အပိုင်း ၁) (မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၄ မြန်မာတို့အတွက် အခြားဘာသာများမှစကားလုံးများကို မွေးစားစကားလုံးများတီထွင်ခြင်းသည် အဆန်း မဟုတ်ပါ။ ရှေးပဝေဏီကပင် ပါဠိ၊ သင်္သကရိုက် စကားလုံးများကို  မွေးစားဝေါဟာရများတီထွင်ခဲ့ကြပါ သည်။ ပုဂံခေတ်တွင်မွန်ဘာသာမှ မွေးစားသောစကားလုံးများပေါ်လာသည်။ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်)နှင့်ကုန်းဘောင် ဆင်ဖြူရှင် (မြေဒူးမင်း)တို့လက်ထက်တွင် ယိုးဒယားကိုအောင်နိုင်ပြီးသုံ့ပန်း များခေါ်လာခဲ့ရာမှ ယိုးဒယားဘာသာမှ မွေးစားသော စကားလုံးများပေါ်လာသည်။ သုခုမအနုပညာ၊ သ ဘင် စသည်တို့တွင် ဖိန်းချားသီချင်းစသည့် ယိုးဒယားဘာသာမှ အသံဖလှယ်ပြီး မွေးစားသော စကားလုံး များပေါ်လာသည်။ စားဖွယ်တို့တွင်လည်း မုန့်လုပ်ဆောင်းသည် ယိုးဒယားစကား လုပ်ဆောင်း  (ကြမ်း ပေါက်မှကျွံကျသောမုန့် (ဝါ) ဆန်ခါတိုက်မုန့်)၊ ဆနွင်းမကင်းသည် ယိုးဒယားစကား […]

Read more of this post