ခင်မောင်စော (ဘာလင်) -  မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့်  မွေးစားဝေါဟာရများ (အပိုင်း ၂၊ နိဂုံး) (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ (ယမန်နေ့က အဆက်) ဃ။ ဗြိတိသျှကိုလိုနီခေတ်ပေါ်ရောပြွန်းထားသော ဝေါဟာရများ ၁။ ဂါတ်တဲ အင်္ဂလိပ်စကား Guard ကို "ဂါတ် "ဟုအသံလှယ်ထားပြီး မြန်မာစကားလုံး "တဲ" နှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီခေတ် ကပုလိပ်ရုံးဟု၎င်း၊ ဟင်ဒူစတန်နီစကားမှလာသော "ဌာနာ"ဟု၎င်း အရပ်သုံးစကားလုံးများပေါ်ခဲ့ပါသည်။ Sub-inspector of Police ကိုအတိုကောက် အက်စ်အိုင်ပီ (S.I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့် ရာဇဝတ်အုပ် ဟူ၌၎င်း၊ Inspector of Police ကိုအတိုကောက် အိုင်ပီ (I.P) ဟူ၌၎င်း၊ မြန်မာဘာသာဖြင့်ဌာနာအုပ် ဟူ၌၎င်း ခေါ်ခဲ့ကြသည်။  […]

Read more of this post