ဆောင်းယွန်းလ - "၂၀၁၄" မိုးမခ၊ ဖန်န၀ါရီ ၁၊ ၂၀၁၅ ၂၀၁၄ ၂၀၁၄ဟာ ကဗျာဖြစ်ခဲ့ရင် မရွတ်ချင်တဲ့ ကဗျာ သီချင်းဖြစ်ခဲ့ရင် မဆိုချင်တဲ့ သီချင်းပဲဖြစ်တယ်... ၂၀၁၄ဟာ ဘေးဒုက္ခဖြစ်ခဲ့တဲ့ နှစ်တနှစ်ရဲ့ တေးတပုဒ်မှဖြစ်မလာခဲ့တဲ့ နှစ်တနှစ်ပဲပေါ့... ၂၀၁၄ ၂၀၁၄ရဲ့ နေရာတနေရာမှာ စိတ်ဓာတ်နဲ့အိပ်ကပ် တပြိုင်တည်းကျပျောက်ခဲ့ရတယ်.. ၂၀၁၄ ၂၀၁၄ရဲ့ အချိန်တချိန်မှာ မဖတ်ချင်တဲ့ သတင်းတပုဒ်နဲ့ အသက်မ၀င်တဲ့ နှင်းတဆုပ်ကိုရခဲ့တယ်... ၂၀၁၄ ၂၀၁၄ဟာ နောက်ကျောကို ဓါးတ၀င်းဝင်းနဲ့ထိုးပြီး ခြေဖမိုးကိုတော့ လှံအစင်းစင်းနဲ့စိုက်ခဲ့တယ်... ၂၀၁၄ ၂၀၁၄ဟာ နေမ၀င်ခင်က မိုးတ၀တ်ချုပ်နေခဲ့ပြီး နေထွက်ပြီးတဲ့အချိန်ထိ မိုးတစက်မှမလင်းခဲ့ဘူး.... ၂၀၁၄ ၂၀၁၄မှာ ဗီလိန်ဟာ မင်းသားယောင်ဆောင်ပြီး ခါးကြားကသေနတ်ကို အမှောင်မှာဝှက်ထားခဲ့တယ်.... ၂၀၁၄ ၂၀၁၄ဟာ ပါးစပ်ကဘုရားတရင်း လက်ကကားယားဖြစ်နေခဲ့တဲ့ […]

Read more of this post