အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၆၊ နိဂုံး) (မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၆၇) ည ၆ နာရီခွဲခန့်တွင် ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်မြို့မှ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ထွက်ခွါကြသည်။ ဖရန့်ဖွတ်မြို့ရောက်သည်နှင့် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ ဘာလင်မြို့နှင့်ဖရန့်ဖွတ်မြို့သည် ကီလိုမီတာ ၄ဝဝ ခန့်ဝေးရာ အနည်းဆုံး ၄ နာရီခန့် သွားရဦးမည်ဖြစ်သည်။ ဂျာမနီနိုင်ငံ အဝေးပြေးလမ်းများသည် ကီလိုမီတာနှုန်းကို ၁၂ဝ ခန့်အထိ သတ်မှတ်ထားသည်။ အချို့နေရာများတွင် ကီလိုမီတာနှုန်း သတ်မှတ်ထားခြင်းမရှိ၊ စိတ်ကြိုက်မောင်းနှင်နိုင်လေသည်။ နော်ဝေလမ်းမများပေါ်တွင် ကီလိုမီတာ ၇ဝ/၈ဝ ဝန်းကျင် သတ်မှတ်ထားသည်က များသည်။ ယခုအခါ ကပ္ပိယကြီးသည် သူ့စိတ်ကြိုက်မောင်းနေလေပြီ။ မိမိတို့ကား ခရီးပန်းကာ အိပ်ငိုက်လေပြီ။ တစ်နေရာရောက်သောအခါ […]
Read more of this post
No comments:
Post a Comment