မောင်ရစ် - အငြင်းပွားချင်စရာ အခွန်၊ ပညာ၊ ဥတုရာသီနဲ့ ကျန်းမာရေးအာမခံ စတဲ့ အခွင့်အရေးကိစ္စ (အတွေးအမြင် ဇန်န၀ါရီ ၂၀၁၅ ထုတ်) ဒီဇင်ဘာ ၃၀၊ ၂၀၁၄ မြန်မာပြည်မှာ ဒေါ်လာဈေးကျတယ်။ ကမ္ဘာမှာလည်း ဒေါ်လာဈေးကျတယ်။ မြန်မာပြည်ရဲ့ ခေတ်မီပုံက သူများတွေ ကျပြီဆိုရင် သူကလည်း ထိပ်ဆုံးကပဲ။ သူများတွေ တက်ပြီဆိုရင်ကတော့ သူမပါတော့ဘူး။ အခု ရေးရမယ့်အချက်တွေက လက်ရှိမျက်မှောက်အရေးအခင်းမှာ အငြင်းပွားစရာကိစ္စတွေကို မှတ်စုထုတ်တာဖြစ်တယ်။ တချို့တွေမှာ ယေဘူယျအဖြေတွေကို ရေးထားတယ်။ အဖြေတွေကိုယ်တိုင်က အငြင်းဆက်ထုတ်ချင်စရာဖြစ်တယ်။ အခု အငြင်းပွားစရာတွေက အမေရိကန်ပြည်ထောင်စုကို ကြည့်ပြီး မှတ်စုထုတ်တာနော်။ စီးပွားပျက်နေချိန်မှာ အစိုးရတွေက ဘာနဲ့ လည်မှာလဲ အစိုးရက ပြည်သူတွေကိုပေးရတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေအတွက် […]

Read more of this post