ညိုထက်ညို - ဒဂုန်တာရာ့ မျက်စိ (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄ အင်တာနက်တနေရာမှာ ဆရာတာရာ့ပုံ တွေ့လိုက်ရင်းနဲ့ ကျွန်တော် ဆရာတာရာ့မျက်စိအကြောင်း တွေးမိပါတယ်။ သိကြတဲ့အတိုင်း ဆရာ့ မျက်စိက နဂိုကတည်းက ခပ်မှုန်မှုန် ...။ ကျွန်တော်မှတ်မိသလောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဆရာ့မျက်စိ အတော်အခြေအနေဆိုးနေပြီ ထင်ပါတယ် ...။ "ဆေးရောင်စုံ ဒဂုန်တာရာ" ဆရာ့အကြောင်း စာရေးဆရာတွေ ၀ိုင်းရေးကြတဲ့စာအုပ်က ဆောင်းပါးတပုဒ်မှာတော့ မှော်ဘီ ဘော်လုံးစက်ရုံ နားက ဆရာ့ ကျေးလက်မဲဇာကို အလည်သွားတော့ ဆရာ ငရုတ်သီးမှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်ပုလင်း မှားဖွင့်တယ် ရေးထားတယ်။ လုံးဝ မမြင်ရတဲ့အဆင့်တော့ မဟုတ်သေး ....။ ကျွန်တော် မှတ်မိသလောက် ဆရာမြသန်းတင့် မျက်စိခွဲတာလည်း အဲဒီအချိန်လောက်ပဲ ထင် တယ်....။ […]

Read more of this post