သင်ခန်းစာတစ်ခုအနေနဲ့ ယူခဲ့တဲ့ ဝိုင်းလေးရဲ့ Miss World ပြိုင်ပွဲ အပြန်ခရီး (ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၄ "ညီမ ဒီပြိုင်ပွဲကနေ ဆုတစ်ဆုမှတော့ မရခဲ့တဲ့အတွက် အားနာပါတယ်။ ဒါပေမဲ့ ဝိုင်းလေး သင်ခန်းစာ တွေတော့ ရခဲ့ပါတယ်။ အားကစားနဲ့ ပတ်သက်တာတွေကတော့ ညီမ အတွက် အခက်အခဲဆုံးပါပဲ။ တမိနစ်အတွင်း ဒိုက် အခါငါးဆယ် ထိုးခိုင်းတာမျိုး၊ ထိုင်ထဘယ်နှစ်ကြိမ်ဆိုတာတွေက ညီမတို့ ပြိုင်ပွဲဝင်တွေအားလုံးကို ပင်ပန်းစေပါတယ်။တချို့ဆိုမူးလဲသွားတာတောင်ရှိပါတယ်။ ညီမတို့ကို ဒိုင်လူကြီးဆယ်ယောက်က စစ်ဆေးမေးမြန်းတာပါ။ ညီမ ပြောခဲ့သလိုပဲ Title တွေကတော့ အများကြီးပါပဲ။" "ညီမ ရှေ့ဆက်ပြီး ပရဟိတ တွေကို ဆက်လုပ်သွားပါမယ်။ မိဘမဲ့နဲ့ မသန်စွမ်းကလေးသူငယ်တွေကို ဆက်လက်ပြုစုစောင့်ရှောက်သွားမယ့်အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ညီမရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေသွားမှာပါ […]
Read more of this post
No comments:
Post a Comment