ကိုသန်းလွင် - ဘုရားလှုပ်ခြင်း (မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၄ (၁) ညောင်ကန်မှာ ဘုရားကြီးလှုပ်လို့တဲ့ ဟူသောသတင်းက ဟိုးဟိုးကျော်နေသည်၊ ၁၉၉၀ ခုနှစ်ခန့်က ဖြစ်ပါ သည်၊ ကျွန်တော်သည်ရန်ကုန်ရုံးမှာ အလုပ်ဆင်းနေချိန်ဖြစ်သည်၊ ခင်ဦးမြို့ နယ်ညောင်ကန်ကျေးရွာ ရှိဘုရား ကြီးမှာ ကိုယ်တော်ကို ဘယ်ညာ လှုပ်ရန်းပြ သည်ဟုသတင်း ဖြစ်နေပါသည်၊ ခင်ဦးတမြို့လုံး သွားနိုင်သူမှန် သမျှ ဘုရားဖူးရောက်ပြီးကြပြီဟုလည်းဆိုသည်၊ သတင်းကြားရသည်ဆိုကတည်းက သွားချင် ဖူးချင်ခဲ့သည် မှန်ပါ၏၊ သို့သော်အချိန် တစ်လလောက်ကြာမှ ကျွန်တော် အရောက်သွားနိုင်ခဲ့ပါသည်၊ ညောင်ကန်ကျေးရွာသည် ခင်ဦးမြို့ အရှေ့ မြောက်အရပ်မှာ ရှိပြီး ရ မိုင် ခန့် ဝေးသည်၊ ကားလမ်းမပေါက်သေး၊ လှည်းလမ်းနှင့် စက်ဘီးလမ်းသာရှိသည်၊ ကျွန်တော် ခွင့် ပြန်ခွင့်ရသည် နှင့် […]
Read more of this post
No comments:
Post a Comment