နေ၀န်းနီ (မန္တလေး) - ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေ ပြုပြင်​​တော့မယ်​ဆိုရင်​ .... (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄ photo source : nikonrumors.com တ​လောက စာ​စောင်​တခုမှာ မန္တ​လေးမြို့ရဲ့​ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို နိုင်​ငံခြားကုမ္မဏီတခုနဲ့ပူး​ပေါင်းပြီး ​ရှေးမူ၊ ​ရှေး လက်​ရာမပျက်​ပြုပြင်​ထိန်​သိမ်းမယ်​လို့ ဖတ်​လိုက်​ရတယ်​။ ရှေး​ဟောင်းယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကိုပြုပြင်​ထိန်းသိမ်းတာဟာ မင်္ဂလာတပါးပါ။ ဝမ်းသာစရာကိစ္စပါ။ ဒါ​ပေမယ့်​ သိပ်​လည်းမဝမ်းသားရဲဘူး။ (၁) လွန် ​ခဲ့တဲ့တလ​လောက်​က ​မေ​မေရဲ့အမျိုး​တွေမန္တ​လေးကို ဘုရားဖူးလာကြတယ်​​။ ဒါနဲ့​ မေ​မေကလည်း ကျွန်​​တော့်​ရုံးပိတ်​တဲ့​နေ့နဲ့တိုက်​​နေ​တော့ ဧည့်​သည်​​တွေကို ဘုရားဖူးလိုက်​ပို့ခိုင်းတယ်​။ ဒါနဲ့ကျွန်​​တော်​လည်း ဧည့်​သည်​​တွေကို မန္တ​လေးရဲ့အထင်​ကရ​နေရာ​တွေကိုလိုက်​ပို့​ပေးပြီး တခုခြင်းစီရဲ့သမိုင်း​ကြောင်းဖြစ်​​ပေါ်လာပုံကို​ရှင်းပြလာခဲ့တယ်​။ ဒါမှလည်း ဘုရားလည်​ မဖြစ်​​မှာ​ပေါ့။ တ​နေကုန်​ပါပဲ။ ည​နေပိုင်းမှာ​တော့​ တောင်​သမန်​မှာ အပန်း​ဖြေရင်း ငါး​ကြော်​၊ ပုဇွန်​​ကြော်​​စားမယ်​ဆိုပြီး ဧည့်​သည်​​တွေကို​ခေါ်လာခဲ့တယ်​။ ဦးပိန်​တံတား​ပေါ်လမ်း​လျှောက်​ရင်းတံတားရဲ့သမိုင်း​ကြောင်းကို​ ရှင်းပြရ​တော့တယ်​။ (၂) တံတား​ဆောက်​လုပ်​​သောနှစ်​က […]

Read more of this post