တူမောင်ညို - လက်ပံတောင်းဒေသခံပြည်သူများ၏ လိုလားချက်သည် အဓိကနှင့်ပထမ ဖြစ်ရမည် ဒီဇင်ဘာ ၂၈၊ ၂၀၁၄ လက်ပံတောင်းဒေသခံပြည်သူများ အပါအဝင် တပြည်လုံးရှိလယ်သမားများက အဓမ္မနည်းမျိုးစုံဖြင့် အသိမ်းပိုက်ခံနေရသော သူတို့ပိုင် လယ်မြေ၊ ယာမြေ၊ ခြံမြေများအတွက် ခုခံတိုက်ပွဲဝင်နေကြသည်မှာ တရားမျှတပြီး မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်ပါသည်။ လက်ပံတောင်းဒေသခံပြည်သူများ၏ ရဲရင့်သောအရေးဆိုမှု၊သွေးမြေကျရမှုများအပေါ်တတိုင်းတပြည်လုံးက၊  ပြည်သူတစ်ရပ်လုံးက သွေး စည်းမှု၊  အားပေးကူညီမှု၊ စာနာထောက်ထားမှုများကို ပုံစံမျိုးစုံဖြင့် ဖော်ပြပါဝင်လုပ်ဆောင်နေကြသည်မှာလည်း အားတက် ဂုဏ်ယူဖွယ်ဖြစ်ပါ သည်။ မိုက်မဲသော၊ အမြင်တို၍ အလိုရမ္မက်ကြီးသော (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် အကြမ်းဖက်မှု၌ သွေးဆာ လက်ယဉ်နေသူများပီပီ၊ လက်ပံတောင်းဒေသခံပြည်သူများအပေါ်တွင်သာမက တပြည်လုံးအနှံ့ တောင်ပေါ်မြေပြန့်မကျန် ဖြစ်ပေါ်နေသော ပြည်သူများ၏ အရေးဆို လှုပ်ရှားမှုများကို အကြမ်းဖက်ဖိနှိပ်လျက်ရှိသည်။ ယင်းသို့  တပြည်လုံးအနှံ့ ဖြစ်ပွားခဲ့/ဖြစ်ပွားဆဲဖြစ်ရပ်များနှင့် လက်ပံတောင်းဒေသတွင်လက်တလောဖြစ်ပေါ်နေသော ဖြစ်ရပ်က […]

Read more of this post