ဝင်းအောင်ကြီး - ၁၉၂၀၊ ၁၉၃၆ နှင့်ယခု ကျောင်းသားသပိတ် (မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၄ မြန်မာပြည်မှာ အင်္ဂလိပ်အစိုးရ၏ ပညာရေးစနစ်ကို မကျေနပ်၍ ၁၉၂၀ ပြည့်နှစ်တွင် ပထမ ကောလိပ်သပိတ်ပေါ်ခဲ့၏။ ကိုဘဦးနှင့် ကျောင်းသား ၁၀ ယောက်က ခေါင်းဆောင်ကာ ရန်ကုန်ယူနီဗာစတီ၊ ဂျပ်ဆင်ကောလိပ် ကျောင်းသားများ သပိတ်မှောက်ကြခြင်းဖြစ်သည်။ ပေါ်လာမည့် ရန်ကုန်တက္ကသိုလ်တွင် တောင်းဆိုချက်များကို ထည့်သွင်းပေးရသည်။ သပိတ်မှောက်ကျောင်းသားတွေထဲက သခင်မြ၊ ဦးထွန်းဖေ စသူတို့ ပေါ်ထွက်လာ၏။ ဆရာကြီး ဦးလွန်း (သခင်ကိုယ်တော်မှိုင်း)၊ ဒီးဒုတ်ဦးဘချို တို့ဦးဆောင်သည့် အမျိုးသားကော်လိပ် ဖွင့်ဖို့ပြင်ဆင်ကြသည်။ အမျိုးသားကျောင်းများပေါ်လာပြီး၊ ကျောင်းအုပ်ကြီးများကိုယ်တိုင် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လာသည်။ ဥပမာ ဦးရာဇတ် (မန္တလေး) ဦးဘ၀င်း (ရေနံချောင်း)။ ခေတ်အဆက်ဆက် ရပ်တည်လာခဲ့နိုင်သော်လည်း စစ်အစိုးရလက်ထက် […]

Read more of this post