တူမောင်ညို   - တစ်ရာ ရာခိုင်နှုန်းပြည့်အနိုင်ရဖို့ဆိုလျှင်  (မိုးမခ) ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်)    ဤဆောင်းပါးအား (၁၅- ၁၂-၂၀၁၄) ရက်စွဲဖြင့်ထုတ်ဝေသော အတွဲ(၃)၊ အမှတ် (၄၉) ဒီလှိုင်းစာစောင်၊ အယ်ဒီတာ့အာဘော် နိဂုံးပိုဒ်ဖြင့်စတင်လိုက်ပါသည်။    "စတုတ္တအကြိမ်ဗဟိုကော်မတီအစည်းအဝေးမှချမှတ်လိုက်သည့် တိကျသောလုပ်ငန်းလမ်းညွန်၊ ခိုင်မာသောစည်းရုံးရေး၊ ပီပြင် သောမူဝါဒနှင့်အင်အားတောင့်တင်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နှင့်အတူ ၂၀၁၅ ရွေးကောက် ပွဲ၌တစ်ရာ ရာခိုင်နှုန်းပြည့်အနိုင်ယူပေဦးမည်ဖြစ်ပေသည်" ဤနိဒါန်းပါစာသားများကို ဒီလှိုင်းအယ်ဒီတာအဖွဲ့က သာမန်ရေးရိုးရေးစဉ် ရေးလိုက်သည်တော့ဟုတ်ဟန်မတူပါ။ ခိုင်မာသည့် သံဓိဌာန်သဘော၊ ပီပြင်သည့် ဆုံးဖြတ်ချက်သဘောရေးလိုက်သည်ဟု ယူဆမိပါသည်။    ကျနော်ကလည်း ဒီချုပ်ပါတီအနိုင်ရစေချင်ပါသည်။ ထိုစိတ်၊ထိုဆန္ဒသည် တစ်ပါတီ၊တစ်ပုဂ္ဂိုလ်အနိုင်ရစေလိုသည့် ကျဉ်းကျဉ်း မြောင်းမြောင်းစိတ်ထားမျိုးအလျဉ်းမဟုတ်ပါ။ လူမျိုးပေါင်းစုံပြည်သူများ၏လတ်တလောနှင့်ရေရှည်အကျိုးစီးပွားအပေါ်မူတည်သောအနိုင် ရစေလိုသည့် စိတ်သဘောထားဆန္ဒလည်းဖြစ်ပါသည်။   […]

Read more of this post