မာမာအေး - ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ်  - အမှတ် (၅၆၃)   ဒီဇင်ဘာ ၁၃၊ ၂၀၁၄ • အပျိုဖြန်းမှ တင့်တင့်တို့အရွယ်  (သက်ဆိုင်သူ) သောတရှင်များကျန်းမာတော်မူကြပါစရှင် မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံးမာအေးရဲ့အသံလေးကြားရတဲ့အခါမှာကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊ သောတရှင်တို့ရေ၊ အရင်တပတ်က 'ပြန်လည်၍ တွ့ဆုံကြရာဝယ်' ဆိုတဲ့ စုံတွဲသီချင်းလေးကို၊ 'ငယ်ကျွမ်းဆွေ' လို့ မှားသိကြ မှားပြော ကြဖြစ်နေတာကြောင့် အမှန်သိရအောင် မူလလက်ဟောင်း "ငယ်ကျွမ်းဆွေ" သီချင်းကိုပါ တွဲပြီးရှင်းလင်းတင်ပြခဲ့ပါတယ်ရှင်။ ကျေးဇူးပြုပြီး သတိထားပြင်ပေးစေချင်ပါတယ်ရှင်။ နာမည်မှားနေတဲ့ နောက်သီချင်းတပုဒ်ကိုလည်း အကြံထပ်ပြီးပြောပါရစေဦး။ * သက်ဆိုင်သူသို့၊ ပို့မေတ္တာတေးလွှာဝေ၊ ဘေးဘယာတွေ ကင်းပါစေ၊ သပြေနုငွေခရုဇေယျတုပြုတယ်လေ၊ မေ့မေတ္တာ မေ့မေတ္တာ သောက်ခါသုံး ပြုံးရွှင်စေ….. သက်ဆိုင်သူရေ မေ့အသံအား မှတ်မိပါရဲ့လားလေ၊ လွမ်းတသသ […]

Read more of this post