စေထွဋ်ပိုင် (ပုသိမ်) - နှစ်ဟောင်းမှ နှစ်သစ်သို့စီသည့် ၀ါကျများ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄ နှစ်ကုန်ခါနီးအချိန်က ရင်ထဲကို မီးတောက်များပစ်ထည့်သွား၏။ ကမ္ဘာမကြေသီချင်းက ကျွန်တော်တို့ ဆိုလို့မဆုံးသည့် သီချင်းသံလား။ နှစ် ဟောင်းကို သွေးနှင့်ကြွေစေပြီး နှစ်သစ်ကို သွေးနှင့် ဝေစေမှာလား။ ကျည်ဆံကတော့ အကျဉ်းတန်စွာ ၂၀၁၄ ကို ဖောက်ထွက်သွားခဲ့ပြီ။ အိပ်ရေးပျက်သည်အထိ အကြမ်းဖက်သတင်းများက လူတိုင်းကို နှောင့်ယှက်နေ၏။ ဘူဒိုဇာပုံရိပ်များ၊ ၀ါရင်းတုတ်များ၊ လှံ၊ လေးခွ၊ သေနတ် နှင့် ဓားကအစ အနုမြူဗုံးကလည်း မျက်ခုံးတလှုပ်လှုပ်။ နောက်ကျောမလုံသည်စိတ်နှင့် လူသည်လည်း သံသယများ ဖွံ့ထွားလာခဲ့ပုံ။ လုံခြုံမှုမရှိသည့် စိုးရိမ်စိတ်တွေနှင့် အိပ်ရေးပျက်သူများ နှစ်ကုန်ခါနီးမှာ ပိုများလာသည်ထင်မိ၏။ ပြဿနာပေါင်းသောင်းခြောက်ထောက်နှင့် အမယ်ဘုတ်ချည်ခင်ကြီးက ရှုပ်ထွေးမက ရှုပ်ထွေးလျှက်။ ဖြစ်ချင်ရာဖြစ် […]

Read more of this post