စောဝေ - ဒီမိုကရေစီကောင်းကင်ယံက လှမျိုးနောင်ဆိုတဲ့ ကြယ်စင် (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ကိုလှမျိုးနောင် (သရုပ်ဖော် - မင်းကျော်ခိုင်) ညီလေးရေ…. တို့တွေ့ဆုံခြင်းအဖွင့်က မလှပခဲ့ဘူး။ အင်းစိန်ထောင်ထဲမှာ။ ထောင်တွေထဲမှာမှ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ စစ်အစိုးရရဲ့ အသုံးချခံ အင်းစိန်ထောင်။ အစ်ကိုက သုံးတိုက်မှာ ကိုကိုကြီး၊ ကိုမြအေး၊ အောင်သူ၊ ဒီငြိမ်းလင်း၊ မဂ္ဂင်ဆရာတော်နဲ့ ဦးဇင်းပုရစ်၊ ကိုသိန်းဆွေ ဒီလူတွေနဲ့၊ ဒီလူတွေက မင်းအကြောင်းကို အမြဲပဲပြောနေလို့ ညီလေးကို မတွေ့ရခင် သိနေခဲ့တယ်။ အစ်ကို တိုက် (၃)၊ တိုက်အကျဉ်း ပိတ်ကာလ လေးလကျော်တော့ ညကြီး မင်းရှိနေတဲ့ ထောင်ဆေးရုံကို ရောက်ခဲ့တယ်။ မနက် (၉) နာရီ (၁၀) နာရီလောက်ရှိတော့ လမ်းမ လျှောက်ရတာ […]

Read more of this post