"အဘိုးနဲ့အဘွားက ငကြောင်ကြီး" ဟု စစ်အာဏာရှင်များကို သရော်ခဲ့သော စန္ဒယားတင်ဝင်းလှိုင်ဘာ့ကြောင့် မမှားသလဲ (Yangon Globe ဘလော့ခ်) ။ ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ အသက် ၇၀ ရှိပြီဖြစ်တဲ့ စန္ဒယားတင်ဝင်းလှိုင်က တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ သူဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်နဲ့ မြေးဖြစ်သူ နေရွှေသွေး ကို သရော်တယ်လို့ယူဆရတဲ့ စကားတွေ ပြောဆိုခဲ့ပါတယ်။ "ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့အသည်းဖြစ်နေတယ်၊ အဘိုးရဲ့အသည်း ဖြစ်နေတယ်။ အဲဒီအဘိုးနဲ့အဘွားက ငကြောင်ကြီးဆို သွားပြီပဲ၊ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဗမာမှာ ဒါပဲ ဂုဏ်လုပ်နေရတာ" လို့သူကပြောဆိုခဲ့ပါတယ်။ ဒီလိုစကားမျိုးတွေကို ဒီလိုအခမ်းအနားမျိုးမှာ မပြောဆိုသင့်ကြောင်းအချို. ကထင်မြင်သလို၊ အခြားတစ်ဖက်မှာ […]
Read more of this post
No comments:
Post a Comment