အုန်းနိုင် - "အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး နေရာ" ၁၉၉၁.ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အားအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပယ်ခြင်း (၁) (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄ ၁၉၉၁ ထဲ ကူးလာပါပြီ။ အခြေအနေတွေက မထူးခြားပါ။ န၀တ က ပိုပြီးဖိနှိပ်ခြိမ်း ခြောက်မှုတွေများလာတာနဲ့အမျှ၊ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကလည်း ပျော့ရဲရဲနိုင်တာတွေ များလာပါတယ်။ ဗဟိုနဲ့ တိုင်းကလည်း အောက်ခြေမြို့ နယ်စုတွေဆီ သိပ်မလာတော့ပါ။ (၁/၉၀)ကိုလက်ခံတယ်လို့ လက်မှတ်ထိုးပြီးကတည်းက အောက်ခြေမြို့ နယ်များ ကလည်း ဗဟိုနဲ့ တိုင်းတွေကို သိပ်မလေးစားကြတော့ပါ…။ ကျနော်လည်း ရန်ကုန်ဘက်ကို သိပ်မဆင်းဖြစ်ပါ..။ ရန်ကုန်က ကိုယ့်ဘော်ဒါတွေကလည်း အများအပြားအဖမ်းခံနေရတော့ ရန်ကုန်မှာ အစည်းအဝေးမရှိရင် မသွားသလောက်ပါပဲ။ နောက်ဆုံး ကိုယ့်မြို့ ကနေ ဗဟိုလူငယ်မှာ သွားလုပ်နေတဲ့ ကိုဌေးလွင်လည်း သတင်းစာရှင်းလင်းပွဲ (၈) မှတ်တမ်းများဖြန့်ချီမှုမှာ […]
Read more of this post
No comments:
Post a Comment