ဝင်းအောင်ကြီး - ကျနော်တွေးမိသလို ရေးပါမည် (၁) ဒီလိုမှသာ ဘာသာရေးခေါင်းဆောင် (သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၂၂၊ ၂၀၁၄ ကျနော့်အိမ် အိပ်ခန်းပြတင်းပေါက်ကနေ ကြည့်လျှင် ခရစ္စမတ်အတွက် မီးလုံးလေတွေ ထွန်းထားတာ သိပ်လှတာပဲ။ ညတရေးနိုး အပေါ့အပါးထသွားရင်းလည်း ငေးမိတယ်၊ အမှောင်ထ ရွှေမှုန်လေးတွေလိုလို။ ဒီဇင်ဘာလဆန်းပြီဆိုကတည်း လှုပ်လှုပ်ရွရွဖြစ်နေတတ်သူ အိမ်နီးနားချင်းအိမ်မှာ ဒီနှစ်မှောင်နေတယ်။ သူ့သား အဖမ်းခံထားရလို့တဲ့။ ကျနော်တို့ရွာမှာ ခရစ်ယာန်တွေ မရှိလို့ခရစ္စမတ်ဆိုတာ မသိမကြားမိ။ ပဲခူး အေဘီအမ်ကျောင်း ( American Baptist Mission School) ရောက်တော့မှ သိတယ်။ အစဉ်အလာတခုကား ဘယ်လောက်ဝေးတဲ့ အရပ်ကိုရောက်နေပါစေ ကြိုးစားပြီး အရောက်ပြန်ကာ၊မိသားစုနဲ့ ခရစ္စမတ်ညစာ အတူစားကြခြင်းပါ။ အိမ်သားတယောက် လျော့နေ၍ မပျော်နိုင်ရှာတဲ့ အိမ်နီးနားချင်းအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဆိုဗီယက်ယူနီယန်မှာ […]

Read more of this post