မာမာအေး - ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် - အမှတ် (၅၆၄) ဒီဇင်ဘာ ၂၄၊ ၂၀၁၄ သရုပ်ဖော်ပန်းချီ - မင်းကျော်ခိုင် ● လှမြင့်ဝင်းအမှတ်တရ သောတရှင်များ ကျန်းမာတော်မူကြပါစရှင် မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ၊ မာအေးဆိုခဲ့တဲ့ နာမည်တူသီချင်းလေးနှစ်ပုဒ်၊ 'အပျိုဖြန်း' ဆိုတာရှိခဲ့တယ်၊ ရုပ်ရှင်မှာ ဆိုခဲ့တာချည်းဖြစ်တယ်။ 'တင့်တင့် တို့' အရွယ် မဟုတ်ပါဘူးလို့ ရှင်းပြပြောပြခဲ့ပါတယ်။ အခြားသောတေးသံရှင်တွေဆိုခဲ့တဲ့ သီချင်းတွေမှာလည်း နာမည်တူတွေရှိကြတယ် ဆိုတာကို ဆက်ပြောဖို့တော့ စီစဉ်ထားတာပါဘဲ။ အဲဒါဒီကနေ့တော့ ပြောရမယ့်သူတယောက်အကြောင်းက ဖြစ်လာတာနဲ့ အဲဒီတေးသံရှင် အကြောင်းကို ပြောပြပါရစေရှင်။ မာအေးပြောပြလိုတဲ့သူကတော့ တေးသံရှင် 'လှမြင့်ဝင်း' ဆိုတဲ့နာမည်နဲ့ သီဆိုခဲ့တဲ့ ဂီတဝါသနာကြီးသူ မြန်မာသီချင်းဆိုရအောင်၊ သီချင်းနဲ့ စပြီးကိုယ်တိုင်ပွဲဝင်လာတဲ့သူ […]
Read more of this post
No comments:
Post a Comment