သစ်ကောင်းအိမ် - နွေဦးကန်တာရိုဇာ … (မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၄ ငါစိတ်တွေ ဆိတ်ငြိမ်သွားအောင် ညလုံးကျွတ် လင်းပေးနေတဲ့အမှောင်တွေကို ငါကျေးဇူးတင်မိ၊ စစ်ကို စစ်ကြည့်မိတယ် စစ်ရဲ့သားတွေ အလိုမရှိ….. ချစ်သားတွေကို အလိုမရှိ အချစ်သားတွေသာ အလိုရှိ….. ပစ္စုပ္ပန်ကို အမုန်းနဲ့ မလိမ်းကျံချင်ဘူး… ဇာတ်ကတော့ နင်သေးလည်းမအေးမယ့်ဇာတ် ငါကတော့ဖြင့် ကဗျာစပ်နေသူကြီး။ ။ (နွေဦးကန်တာရိုဇာ= အိပ်မက်တခုထဲတွင် ဆရာဇော်ဇော်အောင်၏ ဇာတ်ကောင် ပီတာဇော်မြင့်သည် ကော်ဖီဆိုင်ဖွင့်လှစ်၍ ရောင်းချနေ လေရာ ထိုဆိုင်တွင် ကျနော်မှာယူသောက်သုံးမိသော ကော်ဖီတခွက်၏ အမျိုးအစားနာမည်မျှ…) (၂၀။ ဒီဇင်ဘာ။ ၂၀၁၄) photo - Aung Htet
Read more of this post
No comments:
Post a Comment