နေခြည်ထွန်း - နှလုံးသားရဲ့ အရှင်သခင် (မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၄ photo © a u n g h t e t "ခိုင်..မှိုင်လှချည်လားကွယ်..ခိုင့်ပုံစံက ဟိုးအရင်တုန်းက ဒီလိုပုံ မဟုတ်သလိုပဲ.." အာကာသည် ခိုင့်ပုံစံကို ကြည့်၍ အားမလိုအားမရပုံစံဖြင့် ပြောသည်။ "ခိုင့်ပုံစံ ဟုတ်လား..?ခိုင့်ပုံစံက အရင်တုန်းကတော့ ဒီလိုပုံ ဘယ်ဟုတ်ပါ့မလဲ..တက်တက်ကြွကြွပဲပေါ့..ဒါပေမဲ့ ကိုအာကာ ရယ်..လော ကကြီးကလေ ကိုယ့်ပုံစံနဲ့ကိုယ်နေရင် သိပ်မကြိုက်ချင်ဘူး..ကိုယ်က ကိုယ်မဟုတ်တဲ့ပုံစံနဲ့နေမှ အံဝင်ခွင်ကျဖြစ်တာ.." ခိုင်တစ်ယောက် ကျယ်ပြောလှသော ကန်တော်ကြီးရေပြင်ကို ကြည့်၍ ပြုံးစစလေး ပြန်ပြောသည်။ခိုင့်ပုံစံကြည့်ရသည်မှာ လောကကြီးကို မကျေမနပ်ဖြစ်နေသည့်ပုံမျိုးဟု အာကာတွေးမိသည်။ "မဟုတ်သေးပါဘူး ခိုင်ရယ်..အရင်က တက်တက်ကြွကြွနေတဲ့လူက အခုလိုမျိုး မရွှင်မလန်းဖြစ်သွားစရာ အကြောင်းကို မရှိဘူး..ကိုနဲ့များ […]

Read more of this post