နန်းညွှန့်တေဇ - လူထုတိုက်ပွဲမှ လွတ်လပ်ရေးသို့ ဒီဇင်ဘာ ၂၇၊ ၂၀၁၄ မင်းစိတ်မင်းမာန်၊ အကြံအဖန် တင်းလိုက်ပုံက အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ ရန်ခပင်းကိုတဲ့ မောင်းကာနှင် ဒေါင်းမြန်မာတခွင်မတော့ အထက်ယခင်သဘော (အို… ကွယ်) တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။ (သခင်ကိုယ်တော်မှိုင်း) ၁၉၄၅ ခု မတ်လ၊ (၁၇)ရက် နေ့၊ ရွှေတိဂုံစေတီတော် အနောက်ဘက်ကွင်းကြီးထဲတွင် တပ်ထွက်ပွဲ အခမ်းအနားပြုလုပ်ရာ ဗိုလ်ချုပ်အောင် ဆန်းသည် စစ်ရုံးချုပ်က ကားနှင့်လာ၍ တောင်ဘက်အစွန်မှာဆင်းကာ မြင်းတစ်စီးပေါ်သို့ တက်သည်။ မြင်း၏ဇက်ကြိုးကို ဗိုလ်သိန်းဆွေက ကိုင်ပေးသည်။ တပ်အခမ်းအနား၏ အလယ်သို့ရောက်လျှင် မြင်းပေါ်မှနေ၍ ရဲဘော်တွေကို မိန့်ခွန်းပြောသည်။ .... ရဲဘော်တို့ စကားကို အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး ....။  အခုစစ်မြေပြင်ကိုထွက်ရမယ် ...။ အထက်ဗိုလ်တွေကလည်း […]

Read more of this post