မောင်ဥက္ကလာ အဘ၊ အာစရိယများနဲ့ မအုန်းမြင့် (ထွေထွေရာရာ ဤကမ္ဘာ) (မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၄ ရက်ပေါင်းများစွာ စာမရေးနိုင် ဖြစ်ခဲ့တယ်။ အသိမိတ်ဆွေ သူငယ်ချင်းတွေက ထီးပေါက်သွားလို့လား။ ဒါမှမဟုတ် အစောပိုင်းရေးထားခဲ့တဲ့ စာတွေအတွက် ရခဲ့တဲ့ စာမူခတွေနဲ့ စားသောက်ပြီး နှပ်နေသလား။ ဘာလား ညာလား ထင်နေခဲ့ကြတယ်။ ထီကတော့ အများနည်းတူ ပေါက်ချင်တာပေါ့။ အခုထိတော့ ဘယ်ဘိုးတော် ဘယ်မယ်တော်ကမှ အတိတ်နံပါတ်မပေး၊ လိုရာမဖြည့်ပေးတော့ ဆုတောင်းမပြည့်သေးပေါ့။ စာမူခကိစ္စကတော့ အင်း … မိုးမခအယ်ဒီတာ ဆရာရစ်ကို မေးကြည့်မလို့ စဉ်းစားတော့။ မေးမိမှ ရေးသမျှကို သူ့အချိန်ကုန်ခံပြီး စီစစ်ရ၊ တည်ဖြတ်ပေးရ၊ အင်တာနက်စာမျက်နာပေါ် တင်ပေးရ၊ လုပ်ပေးရတဲ့ဝန်ဆောင်ခတွေ ပြန်တောင်းမှာ ကြောက်တာနဲ့ အသာငြိမ်နေ လိုက်တော့တယ်။ မိတ်ဆွေတွေ […]

Read more of this post