တူမောင်ညို - "သပိတ်စုံ - အကုန်ရ" ဦးဝင်းတင် အမှာစကား မမေ့မလျော့ အကောင်အထည်ဖော်ကြ (မိုးမခ) ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၁၄ မည်သည့် အတိုက်အခံ နိုင်ငံရေးအင်အားစု (ဥပဒေတွင်း/ဥပဒေပ) ဖြစ်စေ "နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး" ဆိုသည်ကို အ ခြေခံအားဖြင့် လက်ခံကိုင်စွဲထားကြသည်။ တောင်းဆိုနေကြသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ မည့်သည့်အဖွဲ့အစည်း၏ ထုတ်ပြန် ကြေညာချက်မဆို တွေ့ဆုံဆွေးနွေးရေးဘူတာတွင် ဂိတ်ဆုံးနေသည် မဟုတ်ပါလော။ အတိုက်အခံများဘက်မှ တင်ပြတောင်းဆိုနေသည့် "နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဖြေရှာရေး" ဆိုသည်မှာ ဆွေးနွေးဖက် များ အကြား အပြန်အလှန် တန်းတူရည်တူရှိပြီး၊ ဒီမိုကရေစီနည်းလမ်းကျသော တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကိုသာ ရည်ညွန်းဆိုလို ခြင်းလည်း ဖြစ်သည်။ ပုံစံတမျိုးမျိုးနှင့် တဖက်သတ်အပေါ်စီးယူထားသည့် ဟန်ပြဆွေးနွေးပွဲမျိုးကို လုံးဝမလိုလားချေ။ ပူပူနွေးနွေးရှိသော သာဓကများကိုတင်ပြရလျှင် […]
Read more of this post
No comments:
Post a Comment