အောင်သဇင် - ပြည်ထောင်စုဖြိုခွဲရေး - တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး (မိုးမခပေးစာ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄ ဒို့တာဝန်အရေးသုံးပါးကို ပါးစပ်ကအမြှုပ်ထွက်မတတ်အော်နေတဲ့ ကာချုပ်မင်းအောင်လှိုင်ဟာ တိုင်းရင်းသားတွေ UNFC ထဲမှာ၊ FUA ပြည်ထောင်စုတပ်မတော်ထဲမှာ၊ KAF ကော်သူးလေတပ်မတော်ထဲမှာ စည်းလုံးညီညွတ်မယ့်အရေး ကိုတော့ အပြင်းအထန်ဆန့်ကျင်နေပြီး ဖျက်ဆီးဖြိုခွဲဖို့ နည်းမျိုးစုံသုံးနေတာ တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီးအဆင့်ရှိ မင်းအောင်လှိုင်ဟာ ၂၀၁၃ မေလ နဲ့ နိုဝင်ဘာလကတည်းက တပ်မတော်မူ ၆ ချက်တို့ ငြိမ်းချမ်းရေးမူ ၆ ချက်တို့ လုပ်လာပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တိုက်နေတဲ့ တိုင်းရင်းသားတပ်တွေကို တည်ဆဲ ဥပဒေတွေလိုက်နာဖို့၊ ၂၀၀၈ အခြေခံဥပဒေလိုက်နာဖို့ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေ စ,လုပ်ခဲ့တယ်။ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် NDC လို့ ကြီးကြီးကျယ်ကျယ်နာမယ်ပေးထားတဲ့ စစ်ကျောင်းမှာ […]
Read more of this post
No comments:
Post a Comment