အုန်းနိုင် - မန္တလေးသံဃာတော်များဧ။်  ပတ္တနိက္ကုဇ္ဖန (ဂန္ဒီခန်းမကြေညာစာတမ်း -၂၀) ၊ မိုးမခ၊ ဒီဇင်ဘာ ၁၇၊ ၂၀၁၄ ၁၉၉၀ ပြည့်နှစ်ဟာ  ကုန်ဆုံးကာနီးလာပါပြီ..။ ဒီတခါတော့  န၀တက  ဘုန်းတော်ကြီးများဘက်ကို  ဦးလှည့်ပြန်ပါပြီ..။ မန္တလေးဘုန်းတော်ကြီးများက  ရွေးကောက်ပွဲရလဒ်  အသိအမှတ်ပြုရေး..၊ ဖမ်းထားတဲ့  နိုင်ငံရေးအကျဉ်းသားတွေကို  အမြန်ဆုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုလိုက်ပါတယ်..။ ဒါတွေမရမချင်း ပတ္တနိက္ကုဇ္ဖန ဆိုတဲ့  သံဃာတော်များရဲ့  သပိတ်မှောက်ခြင်းကို လုပ်မယ်လို့  ကြေညာလိုက်ပါတယ်။ ပတ္တနိက္ကုဇ္ဖနဆိုတဲ့  သံဃာတော်များရဲ့  သပိတ်မှောက်ကံပြုခြင်းဆိုတာက  သိမ်ဝင်၊ ကမ္မ၀ါဖတ်ပြီး  ဆောင်ရတဲ့ကံပါ..။ ဘုန်းကြီးများကို ချဉ်းကပ်ပြီးလျှောက်ထားမေးမြန်းကြည့်တော့  တချို့ ဘုန်းကြီးများတောင်သိပ် မသိပဲ စာတတ်ပေတတ်သံဃာများသာ ရှင်းပြနိုင်ကြပါတယ်.. ဒါကိုလည်း  ကျနော်တို့ အပြည့်အ၀တော့  နားမလည်ပါ..။   အကြမ်းအားဖြင့်တော့ […]

Read more of this post