ဝင်းအောင်ကြီး - ဖဆပလ အက်ကြောင်းထဲ စစ်အာဏာရှင်မျိုးစေ့ ထည့်လိုက်ခြင်း ဇန်န၀ါရီ ၁၊ ၂၀၁၅ ၁၉၅၈ ခု၊ အာဏာရ ဖဆပလကွဲမည့် သတင်းများကြားရသောအခါ ကျနော်သဘောကျသည့် ပမညတ ဟန်ကျပြီဟု တွက်ဆမိ၏။ ဦးနုက ဖွတ်မရ ဓားမဆုံးတော့ အဖြစ်မခံနိုင်၊ ညောင်ညိုပင်စခန်းက လမ်းခွဲကြမည်ဟု အသံလွှင့်ကြေညာရာ၊ ပိုပြီးဝမ်းသာ၏။ အသက် ၂၀ ကျော်လူငယ်တွေးတွေးမိလို့ပါ။ ၀ါဒလမ်းစဉ်ထက် ပုဂ္ဂိုလ်ရေးကို ပိုမိုအသားပေးသောကြောင့် တည်မြဲကို ဆွေငြိမ်း၊ သန့်ရှင်းကို နုတင်လို့ခေါ်ကာ သတင်းစာတွေကလည်း စည်းကျော်ဘောင်ကျော်ကာ ရေးသားနေကြသည်ကို သတိမထားမိ၊ ဖတ်လို့တော့အင်မတန်အရသာရှိ။ ဖဆပလ နာမည်ကို အများစုထောက်ခံမှု ရထားသော တည်မြဲတို့ယူချင်ယူ၊ အဆောက်အဦကို တ၀က် စီခွဲယူကြမည်ဆိုသောအခါ ရွေးကောက်ပွဲမဲဆွယ်တိုင်း သုံးနေကျ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုကော ဘယ်လိုခွဲကြမလဲဟု သတင်းစာတွေက […]
Read more of this post
No comments:
Post a Comment