ထင်အောင် - ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄ ကျွန်တော့်အဖေက စာရေးဆရာပါ။ ကျောင်းသားအရွယ်က ရကသဥက္ကဋ္ဌလုပ်ခဲ့ပါတယ်။ ဆယ်တန်းကျောင်းသားအရွယ်မှာ ဂျပန်ဖက် ဆစ်တွေကိုတော်လှန်တာနဲ့ကြုံလို့ တပ်ထဲဝင်ခဲ့ပါတယ်။ တပ်သားအဖြစ်ဝင်ခဲ့တာပါ။ တော်လှန်ရေးပြီးတော့ တပ်သားကျော်ဆိုတဲ့ တဆင့် မြင့်နေရာကနေထွက်ခဲ့ပြီး ကျောင်းပြန်တက်ရပါတယ်။ မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ အရေးပေါ်ကောလိပ်ဆိုပြီး ဖွင့်ပေးပါတယ်။ ပလာတာဆိုင်တွေနားမှာဖွင့်ထားတဲ့ကောလိပ်ဆိုတော့ ပလာတာကောလိပ်လို့လည်း ခေါ်ကြပါသေးတယ်။ နောင်သမိုင်းပါမောက္ခဆရာကြီးဖြစ်လာမယ့် ဒေါက်တာသန်းထွန်းလည်း ပလာတာကောလိပ်ကျောင်းသားတယောက်ပါ။ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်တော့မှ တက္က သိုလ်ပြန်တက်ရတာပါ။ အဆောင်ကျောင်းသားအဖြစ် သထုံဆောင်ကနေ ကျောင်းတက်ပါတယ်။ သထုံမီးပွားအမည်ရ နံရံကပ်စာစောင် ထုတ်ပါတယ်။ ခေတ်စနစ်ကိုဖေါ်ပြသောဆောင်းပါးများနဲ့ ကျောင်းသားများ၏ရပိုင်ခွင့်ကို ရဲရဲကြီးဖော်ပြတောင်းဆိုခဲ့သောကြောင့် လူကြိုက် များ အမည်ရခဲ့သောစာစောင်ဖြစ်ခဲ့ပါတယ်။ ခေတ်ကာလအလိုက် ခေတ်စားလာသောဝါဒကို ယုံကြည်လက်ခံသော နိုင်ငံရေးသမားဖြစ်လာ ပါတော့တယ်။ မဟာဗန္ဓုလပန်းခြံတရားပွဲ၊ […]

Read more of this post